28 May, 2013

မသန်ပေမယ့် စွမ်းကြ တဲ့ လူတွေကို လေးစားတတ်ဖို့ လိုကြောင်း ချစ်သုဝေ ပြောကြား

မသန်စွမ်းသူများရဲ့ သံတမန်တစ်ဦးအဖြစ်ဆောင်ရွက် နေသူ ချစ်သုဝေက မသန်စွမ်းသူများနဲ့ ပတ်သက်တဲ့ activityတွေကိုဆောင်ရွက်နေသလိုသူတို့အတွက်တတ်နိုင်သလောက်အကြံဥာဏ်တွေပေးကာ၊ဆွေးနွေးတာ
မျိုးတွေလည်းလုပ်ဖြစ်ကြောင်းပြောပါတယ်။”အဓိကကမသန်စွမ်းသူတွေလာရင်ထရီဇာသွားတွေ့ပေးတယ်။
သွားပြီးအားပေးတယ်။ထရီဇာစတိတ်ရှိုးရောက်တဲ့ရေကြည်လိုနေရာကိုရောက်တယ်ဆိုရင်ရေကြည်လိုနေရာ
မျိုးကမသန်စွမ်းactivity  တွေစပြီး လုပ်ခဲ့တဲ့ နေရာလေ။အဲဒီလိုနေရာဆိုရင်မသန်စွမ်းတဲ့တကယ့် ခေါင်း ဆောင်ကလာတွေ့တယ်။လိုအပ်တာတွေညှိနှိုင်းကြတယ်စတိတ်ရှိုးမှာလည်းဒီလူတွေကိုတန်ဖိုးထားဖို့အ
တွက်ထရီဇာရောက်တဲ့နယ်မြို့တွေမှာပညာပေးပြောပေးတယ်။ 

မသန်စွမ်းတွေကတအားတက်ကြွကြတယ်လေ။သူတို့တွေကိုထရီဇာပေးနိုင်တဲ့အကြံဥာဏ်တွေပေးဖြစ်တယ်။ မသန်စွမ်းတွေက့ hand made ပစ္စည်းလေးတွေတအားကျွမ်းကျင်တယ်။ အဲဒီပစ္စည်း တွေကို ရောင်းချတဲ့ ဆိုင်လေးတွေဖွင့်ပါလားဆိုပြီး သူတို့ဘဝ ရပ်တည်ရေးအထိ ကိုယ်သိသေ လာက် အကြံဥာဏ်ပေးနိုင်တယ်။ ဆွေးနွေးနိုင်တယ်။ ထရီဇာတို့က အဆိုတော်တွေဆိုတော့ နယ်မြို့တွေလည်း ရောက်တယ်။ ထရီဇာ ရောက်မှန်း သိရင် သူတို့တွေက လာဆက်သွယ်တယ်။ အဲဒီနယ်မြို့တွေမှာရှိတဲ့ မသန်စွမ်းတွေနဲ့ပါတွေ့ရတယ်။စတိတ်ရှိုးမှာဆိုရင်လည်း ဒီမြို့ မှာ မသန်စွ မ်းတွေရှိတဲ့ ဂေဟာရှိတယ်။ မသန်စွမ်းတွေ အပေါ်သူတို့ တွေ့မြင်တဲ့အမြင်၊ သူတို့ထားတဲ့ တန်ဖိုးတွေ ပြောင်းလဲလာအောင်ကိုယ်က စကားလှလှေ လးတွေ သုံးပြီး ပရိသတ်ကိုပါ ဆွဲဆောင်ရတာပေါ့” လို့ ပြောပါတယ်။ လူတိုင်း မှာအရာအားလုံး ပြည့်စုံတာမျိုး မရှိနိုင်ဘဲချို့ယွင်းချက်တစ် ခုတော့ ရှိနိုင်ကြောင်းကိုလည်း ချစ်သုဝေက..”လူတိုင်းက စနမ်နခအ မဖြစ်နိုင်ပါဘူး။လူတိုင်းမှာ ချို့ယွင်းချက်တွေရှိ နေကြတယ်။ ထရီဇာတို့တွေ မှာလည်းရှိနိုင်တယ်။ ထရီဇာတို့ရဲ့ ချို့ယွင်းချက်က ကိုယ်ကာယမှာ မဟုတ်ဘူး။ စိတ်မှာရှိရင် ရှိနေမယ်။ ထရီဇာတို့ရဲ့ အကျင့်တရားမှာ ဖြစ်ရင်ဖြစ်နေမယ်။ လူမမြင်ရတဲ့အရာ ပေါ့။ သူတို့ဖြစ်နေတဲ့ ချို့ယွင်းချက်က လူမြင်ရတဲ့အရာပေါ့။ လူရယ်လို့ဖြစ်လာ ရင် ချို့ယွင်းချက်တစ်ခုတော့ရှိမှာပဲ။လူမြင်ရတဲ့ ချို့ယွင်းချက်ဆိုရင်ကိုယ်က မြင်ရတဲ့အတွက် ကူညီနိုင်တယ်။ဖြည့် ဆည်းပေးနိုင်တယ်။ ကိုယ်လုပ်ပေး တဲ့အရာလေးတွေကို နှိမ်တဲ့ သဘော၊မဖေး မတဲ့သဘော မျိုးနဲ့ မဟုတ်ဘဲ သူတို့အတွက် ဖြည့်ဖြည့်ဆည်းဆည်း လေး လိုက်စဉ်းစားပေးနိုင်တာ မျိုးလေး ဖြစ်စေချင်တာပေါ့။ ဥပမာ- ဟို တယ်ဆောက်တဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ လမ်း ပလက်ဖောင်းလေး ဆောက်တဲ့အခါမှာပဲ ဖြစ် ဖြစ်ငါတို့ သာမန်လူတွေ အတွက်ပဲစဉ်းစားတာ ထက်မ သန်စွမ်းတွေ အတွက်သွားလို့လာလို့ ရမယ့် အဆင်ပြေနိုင်တာ မျိုးတွေကိုလုပ်ပေးရမှာ ပါလားဆိုတာသိစေချင် တယ်။”လို့ ပြောပါတယ်။

ခိုင်ဝေလွင်
By Popular Myanmar