22 May, 2013

ခံတွင်းကျန်းမာရေး ကောင်းမွန်ဖို့ နည်းလမ်းများ


စားသုံးတဲ့အစာအာဟာရနဲ့ ခံတွင်းကျန်းမာရေးဟာ ဆက်စပ်နေ တယ်ဆို
တာကို အမေရိကန်အာဟာရ ဗေဒ အစည်းအရုံးက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီဆောင်းပါးမှာ အထူးပြုပြော ကြားထားတဲ့ ခံတွင်းရောဂါကတော့ သွားဖုံးရေစီးကမ်းပြို လိုက်ခြင်းပဲဖြစ် ပါတယ်။ဒီရောဂါဟာ အဖြစ်အများ ဆုံး၊ကူးစက်နိုင်ချေအများဆုံး ခံတွင်း ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒီရော ဂါဟာ သွားတွေကို ဆုံးရှုံးစေနိုင်ပါ တယ်။ ဒီရောဂါကို ဖြစ်စေတဲ့ အဓိက အချက်တ်စချက်ကတော့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို စားသုံးမှုက
နေမရရှိလို့ပဲဖြစ်တယ်လို့ သိရပါ တယ်။ ကာကွယ်မှုတွေကို ဘယ်လို လုပ်ရမလဲဆိုတာကိုလည်း အမေရိကန်အာဟာရဗေဒ အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

သစ်သီးများ၊ ဟင်းသီးဟင်းရွက် များ၊ ပရိုတင်းကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ သားငါးများကို စားသုံးပေးပါ။ အနှံ စားရတဲ့သီးနှံများလည်းပါဝင်ဖို့ လိုပါ တယ်။ ဒါဆိုရင် ခံတွင်းကျန်းမာရေးကို အထောက်အကူပြုဖို့ လုံလောက်တဲ့ အစားအစာအာဟာရ ဖြစ်နေပါပြီ။

နောက်တစ်ချက်ကတော့ ခံတွင်းကျန်းမာရေးအတွက် ဖလိုရိုက်ပါ ၀င်တဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့ နှစ်ကြိမ်တိုက်ခြင်း၊ ဖလိုရိုက်ထည့် သွင်းထားတဲ့
သောက်ရေကို သောက် သုံးခြင်း၊ သွားဆရာဝန်နဲ့ နှစ်လတစ်ကြိမ် ပြ
သခြင်းတွေပဲဖြစ်ပါတယ်။

နောက်ပြီး ဆီးချိုသွေးချိုရောဂါ ရှင်တွေ သွားပြဿနာကြုံတွေ့ရပြီဆို ရင် သမားတော်များအပြင် အာဟာရ ဗေဒပညာရှင်များ၊ သွားဆေးကုဆရာ ၀န်များ ပူးပေါင်းကုသရမှာ ဖြစ်တယ် ဆိုတာကို ဒီဆောင်းပါးမှာ ဖော်ပြ ထားပါတယ်။

ဒီလေ့လာမှုကို အမေရိကန် အာဟာရဗေဒအစည်းအရုံးက ထုတ်ဝေတဲ့ Journal of Academy of Nutrition and Dietetics မှာ ဖော်ပြ
ထားတာဖြစ်ပါတယ်။

သက်နှင်း
Ref: ANI
Health Updates Journal