28 May, 2013

ကုလားဂုတ်ရေနက်ဆိပ်ကမ်းသည် အာရှအရှေ့အနောက် စီးပွားရေးစင်္ကြန်လမ်း၏ အနောက်ဂိတ်တံခါးဖြစ်လာနိုင်

မော်လမြိုင်မြို့နှင့်ရေးမြို့ကြားတနင်္သာရီကမ်းရိုးတန်းတွင်ကုလားဂုတ်ရေနက်စီမံကိန်းကြီးအအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက အာရှအရှေ့အနောက်စီးပွားရေးဆိုင်ရာစင်္ကြန်လမ်း၏ အနောက်ဘက်ဂိတ် တံခါးဖြစ်နိုင်ကြောင်းသိရသည်။
ကုလားဂုတ်ရေနက်ဆိပ်ကမ်းသည် သဘာဝအရအကာ အကွယ်ကောင်းစွာရရှိပြီး ရေအနက်မှလည်းကောင်းစွာရရှိသဖြင့် ရေနက်ဆိပ်ကမ်းကောင်းတစ်ခုဖြစ်လာနိုင်ပြီးမွန်ပြည်နယ်၊ ကရင်ပြည်နယ်၊တနင်္သာရီတိုင်းတို့၏ ကုန်သွယ်မှုဆိုင်ရာ ဗဟိုဖြစ်လာကြောင်းသိရသည်။

၎င်းအပြင် အာရှအရှေ့အနောက်စီးပွားရေးဆိုင်ရာစင်္ကြန်လမ်းအား ဗီယက်နမ်နိုင်ငံတွင် စတင်၍ မြန်မာနိုင်ငံတွင် အဆုံးသတ်ရန်ရည်ရွယ် ထားခြင်းကြောင့် ကုလားဂုတ်ရေနက်ဆိပ်ကမ်းသည် အဆိုပါ စီးပွားရေးစင်္ကြန် လမ်း၏ အနောက်ဘက်ဂိတ်တံခါး တစ်ခုဖြစ်လာ နိုင်ကြောင်းလဲ သိရသည်။

အဆိုပါ အာရှနှင့်အနောက်စီးပွားရေးဆိုင်ရာ စင်္ကြန်လမ်းအား ဗီယက်နမ်းနိုင်ငံမှ စတင်ကာ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းတရုတ် နိုင်ငံများပါဝင်ပြီး မြန်မာနိုင်ငံတွင် အဆုံးသတ်ရန်ရည်ရွယ်ထားသည်။

thetransportnews