17 May, 2013

မိကျောင်းလူသား

ဖလော်ရီဒါမှာ ပုံပြင်တစ်ပုဒ်လိုဖြစ်နေတဲ့ မိကျောင်းလူသား ဂျိတ် ဆိုတာလူတွေပြောပြောနေတာကြာ
ါပြီ။လူတစ်ပိုင်း မိကျောင်းတစ်ပိုင်းနဲ့၊ပါးစပ်ပြောပြောနေကြတာပေါ့။ကိုယ်တိုင်မြင်ဖူးတဲ့သူတွေကလဲ ရှိတာပေါ့။တော်တော်များများက မယုံကြပါဘူး။အခုတော့ အဲဒါကို သက်သေ ခိုင်ခိုင်မာမာ ပြနိုင်ပါပြီ။၁၉၆၇ တစ်ဝှိုက်က Marian နဲ့ Junior Marsh တို့နှစ်ဦးဟာ ကမ်းခြေတစ်လျှောက်အဖြစ်မှန်လိုက်စုံစမ်းရာကနေ ကမ်းခြေရွာတစ်ရွာက ရှေးဟောင်းပစ္စည်းစုစောင်းသူထံကနေ ဒေါ်လာ ၇၅၀ နဲ့ဝယ်ယူခဲ့ပါတယ်။မံမီ ဖြစ်နေတဲ့အလောင်းဖြစ်ပါတယ်။Marsh က အဲဒီ အလောင်းကို ခင်းကျင်းပြသခဲ့ပြီး မိကျောင်းပုံပါတဲ့ ပို့စကဒ်ပေါင်း သုံးသောင်းကျော် ရောင်းရခဲ့ရပါတယ်။

အခုတော့ မိကျောင်းလူသားက အမျိုးသားရတနာဖြစ်သွားပါပြီ

မောင်စိုင်း
(ကနောင်)