26 June, 2014

အကိုက်ကြမ်းတဲ့ လူးဝစ်ဆွာရက်ကို ဘောလုံးကစားခွင့် ၂ နှစ်ပိတ်လိုက်ပြီ

Photo: အကိုက်ကြမ်းတဲ့ လူးဝစ်ဆွာရက်ကို ဘောလုံးကစားခွင့် ၂ နှစ်ပိတ်လိုက်ပြီ
Thursday, June 26, 2014
 
ဥရုဂွေးနဲ့ လီဗာပူး အသင်းတို့ရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ကို မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ပုခုံးကို ကိုက်လိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဒီကနေ့ ကြာသာပတေးနေ့ကစပြီး ၂ နှစ် ဘောလုံးကစားခွင့်ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ်။ 

ပွဲကစားချိန်မှာတော့ ဒိုင်က အပြစ်ပေး အရေးယူမှုတွေပြုလုပ်ခဲ့တာ မရှိပေမယ့် ပွဲအပြီး ရုပ်သံ အနှေးပြ ကွက်တွေမှာ ထင်ရှားတဲ့ အထောက် အထားတွေကို တွေ့ရှိတဲ့ အတွက် သုံးကြိမ်မြောက် ကိုက်မှု ဖြစ် အပြီးမှာတော့ ခုလို့အပြစ်ပေးအရေးယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ 

 ဒါဟာ ဘရာဇီးနိုင်ငံမှာကျင်းပနေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ပရိတ်သတ်တွေ အများစိတ်ဝင်စားခဲ့ကြတဲ့ ထူးခြားဖြစ်စဉ်တခုလည်းဖြစ် ပါတယ်။ 

Giorgio Chiellini ကိုက်မှုဖြစ်ပြီးတဲ့နောက်မှာ ကမ္ဘာတဝှမ်းက ပရိတ်သတ်တွေကလည်း လူမှုကွန်ရက်တွေ က တဆင့် ပြစ်တင်ပြောဆိုနေကြပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွာရက်ဟာ ၂၀၁၃ ခုနှစ် English Premier League ပွဲစဉ်တခုဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်မှာလည်း ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ရဲ့ ညာဘက်လက်ကို ကိုက်ခဲ့တဲ့ အတွက် ကြီးမားတဲ့ ပွဲပယ်ပြစ်ဒဏ်တွေကို ခံခဲ့ရဖူးပြီး အခုတကြိမ်ဟာ သူ့အတွက် အကြီးမားဆုံးပြစ်ဒဏ်ဖြစ် ပါတယ်။ 

လီဗာပူး အသင်းကို မရောက်ခင် သူပထမဆုံး ကိုက်ခဲ့သူကတော့ ၂၀၁၀ ခုနှစ်က အေဂျက် အသင်းမှာ ကစားစဉ် အေဂျက်အသင်းနဲ့ PSV အသင်းတို့ ကစားတဲ့ ပွဲမှာ PSV ကစားသမား Otman Bakkal ရဲ့ ပုခုံးကိုကိုက်ခဲ့ဖူးပါတယ်။ 

ဧရာဝတီ
ဥရုဂွေးနဲ့ လီဗာပူး အသင်းတို့ရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ကို မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ပုခုံးကို ကိုက်လိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဒီကနေ့ ကြာသာပတေးနေ့ကစပြီး ၂ နှစ် ဘောလုံးကစားခွင့်ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ်။
ပွဲကစားချိန်မှာတော့ ဒိုင်က အပြစ်ပေး အရေးယူမှုတွေပြုလုပ်ခဲ့တာ မရှိပေမယ့် ပွဲအပြီး ရုပ်သံ အနှေးပြ ကွက်တွေမှာ

သတင်း ကြေညာ နိုင်သည့် အပြင် စကားပြန်ပြော နိုင်စွမ်း ရှိသည့် ကမ္ဘာ့ ပထမဆုံး စက်ရုပ်

Photo: သတင်း ကြေညာ နိုင်သည့် အပြင် စကားပြန်ပြော နိုင်စွမ်း ရှိသည့် ကမ္ဘာ့ ပထမဆုံး စက်ရုပ်
Thursday, June 26, 2014

လူသားများ နေရာတွင် စက်ရုပ်များကို အစားထိုး၍ အသုံးပြုမှုများ တိုးတက်မြင့်မား လျက်ရှိသော ဂျပန်နိုင်ငံရှိ တိုကျို ပြတိုက်တွင် လူသား အစစ်ကဲ့သို့ အသွင်သဏ္ဌာန်ရှိပြီး သတင်းကြေညာ နိုင်စွမ်းရှိသည့် စက်ရုပ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ တကယ့်သက်ရှိ လူသားများအသွင် သဏ္ဌာန်ရှိသော ကိုဒိုမိုရွိုက်ဒ်နှင့် အိုတိုနာ ရွိုက်ဒ်ဟု အမည်ပေးထားသည့် အမျိုးသမီး စက်ရုပ် နှစ်ခုကို အိုဆာကာ တက္ကသိုလ် ပါမောက္ခနှင့် စက်ရုပ်နည်းပညာ ကျွမ်းကျင် ပညာရှင်ဖြစ်သူ ဟီရိုရှီ အီရှီဂူရိုက တီထွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်ပြီး ယင်းစက်ရုပ်များသည် လူသားများနှင့် စက်ရုပ်များ အကြား မည်ကဲ့သို့ အပြန်အလှန် အကျိုးပြုမည် ကို လေ့ လာ နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ယင်းစက်ရုပ်များအား အဝေးထိန်း ခလုတ်ဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ၎င်းတို့သည် နှုတ်ခမ်းလှုပ်ကာ အသံထွက်နိုင်စွမ်းရှိခြင်း၊ မျက်ခုံး ပင့်တင် နိုင်ခြင်းနှင့် ဦးခေါင်းအား ဘေးဘယ်ညာ လှည့်ကာ လှုပ်ရှားခြင်းတို့ကို ပြု လုပ်နိုင်စွမ်း ရှိသည်။

အဆိုပါ စက်ရုပ်များအား လေဖိအားနှင့် ဆာဗို မော်တာများ အသုံးပြု ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ၎င်းတို့အား အထိုင်စက်ရုပ်များ အဖြစ် ထုတ်လုပ် ထားသော်လည်း ၎င်းတို့၏ လက်များမှာ လှုပ်ရှားနိုင်စွမ်း ရှိမည်ဖြစ်သည်။ သို့သော် အဆိုပါ စက်ရုပ်များအား ရောင်းချ မည့်ဈေးနှုန်းကိုမူ ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။ ဂျပန် နိုင်ငံတွင် စက်ရုပ်များ အသုံးပြုမှုသည် လက်ပ်တော့များ အသုံးပြု သကဲ့သို့ပင် လူအများ လက်ခံနိုင်စွမ်း ရှိလာ ပြီဖြစ်ကြောင်း အီရှီဂူရိုက ပြောကြားခဲ့သည်။

သုတမောင်

မြ၀တီ

လူသားများ နေရာတွင် စက်ရုပ်များကို အစားထိုး၍ အသုံးပြုမှုများ တိုးတက်မြင့်မား လျက်ရှိသော ဂျပန်နိုင်ငံရှိ တိုကျို ပြတိုက်တွင် လူသား အစစ်ကဲ့သို့ အသွင်သဏ္ဌာန်ရှိပြီး သတင်းကြေညာ နိုင်စွမ်းရှိသည့် စက်ရုပ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ တကယ့်သက်ရှိ လူသားများအသွင် သဏ္ဌာန်ရှိသော ကိုဒိုမိုရွိုက်ဒ်နှင့် အိုတိုနာ ရွိုက်ဒ်ဟု အမည်ပေးထားသည့် အမျိုးသမီး စက်ရုပ် နှစ်ခုကို အိုဆာကာ တက္ကသိုလ် ပါမောက္ခနှင့် စက်ရုပ်နည်းပညာ ကျွမ်းကျင်

သန္တာလှိုင်နဲ့ အငြင်းပွားဖွယ်ဝတ်စုံ


ပါတီပွဲတခုမှာ မော်ဒယ် သန္တာလှိုင် ဝတ်ခဲ့တဲ့ ဝတ်စုံက ဒီလထဲ လူပြောများတဲ့ ဝတ်စုံပါပဲ။

သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း အဲဒီပုံကို တင်ခဲ့ပါတယ်။

ဒီပုံက အွန်လိုင်းမှာ အင်မတန် ငြင်းခုံစရာဖြစ်ခဲ့တဲ့ပုံပါပဲ။ 
၁။ သူ့ရဲ့ဝတ်စုံ

က ပြဖျော်ဖြေရင်း ဆီးထွက်ကျသူ အမျိုးသမီး



ဘေးမှာ ရပ်ကြည့်နေတဲ့ ပရိသတ်တွေလည်း အံ့သြမင်တက်ကုန်ကြတယ်။ ဒီ ဗွီဒီယိုဟာ အွန်လိုင်းပေါ် 
ရောက် လာတော့ ဝေဖန်မှု အမျိုးမျိုးကို တွေ့ရပါတယ်။ 
ရယ်စရာလို့ ပြောသူပြော၊ ရှက်စရာလို့ ဆိုသူဆို။ တချို့က အကမယ်ဟာ အရက်မူးနေတာဖြစ်မယ်၊ တချို့ ဆီး မထိန်းနိုင်တဲ့ ရောဂါ

မြွေချစ်သော ရွှေရည်သိန်းတန်

မြွေမွေးထားတဲ့  မိတ်ဆွေတယောက်ရဲ့အိမ်ကို အင်္ဂါနေ့ သွားလည်ခဲ့တဲ့လို့ အဆိုတော် ရွှေရည်သိန်းတန်က သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

"အံ့သြစရာကောင်းတာက ရွှေရည့်ကိုမြင်တာနှင့်ကိုယ်ပေါ်အတင်းဖက်တက်ပြီး...တွယ်ကပ်နေတာပါပဲ" လို့ ရွှေရည်သိန်းတန်က ရေးပါတယ်။
သူပြောသလိုပါပဲ.... မြွေက