06 October, 2013

လောင်းလုံးတွင် မီးပုံးပျံလွှတ်ပွဲတော် ကျင်းပမည်

Photo: လောင်းလုံးတွင် မီးပုံးပျံလွှတ်ပွဲတော် ကျင်းပမည်

Sunday, October 6, 2013

လောင်းလုံးမြို့နယ်-အောက်တိုဘာ၆

မကြာမီဆင်နွှဲရတော့မည့် သီတင်းကျွတ်ပွဲတော်တွင် တနင်္သာရီတိုင်းဒေသကြီး၊လောင်း

လုံးမြို့နယ်၊ ကမြောကြီးရွာ၌ ၁၀ ကြိမ်မြောက် သံဖြူရတု မီးပုံးပျံလွှတ်ပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့

အောက်တိုဘာလ ၁၉ ရက်နံနက် ၇ နာရီအချိန်တွင် ကမြောကြီးရွာ၊ 

ဧကရိတောင် (ခ) ကဘူတောင်၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်

ဖြစ်သည်။

ထားဝယ်ဒေသသည် မီးပုံးပျံနှင့်ပတ်သက်၍ 

အစဉ်အလာရှိသည့်ဒေသတစ်ခု

ဖြစ်ပြီး မီးပုံးပျံဦးကျော်ရင်သည် ထင်ရှားသောမီးပုံးပျံစီးသူရဲကောင်းတစ်ဦးဖြစ်ခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

Popular Myanmar News Journal